Day 7: Planning My Next Step
(အစီအစဥ် ရေးဆွဲစတင်ခြင်း - ဧပြီ ၂၇ - ဇွန် ၂၇)
ဒီ၇ ရက်အတွင်းမှာ တော်တော်လေး ကိုယ့်ကိုကိုယ် ပြန်ကြည့်နိုင်သွားသလို Productivity လဲ ပိုကောင်းလာတယ်လို့ ခံစားရပါတယ်… ကိုယ်ဘာမှမလုပ်ပဲ သေသွားတာထက်စာရင်တော့ အလုပ်လုပ်ပြီး သေသွားတာက ကိုယ်ချန်ထားခဲ့နိုင်တာလေးတွေအတွက်… ကျေနပ်ပြီး အသေဖြောင့်နိင်တာပဲလေ… အခု.. ဒီလ.. မွေးနေ့ပြီးတာနဲ့ စလုပ်မယ့် အလုပ်က ၂ ခုတော့လောလောဆယ် လျာထား ထားတာရှိတယ်… အဲ့တာတွေကတေ့ာ…
၁။ ထောင်ထားတဲ့ Youtube Channal ကို Detail Oriented ကနေ Result Oriented ကို ပြောင်းပြီး မြန်မြန်ဆန်ဆန်ပဲ အချိန်မဆွဲပဲ… တင်တာပြုတာတွေ လုပ်မယ်… ၂။ နောက်တစ်ခုကတော့ Community အတွက် အကျိုးရှိမယ့် Professional Career-Focused Website Design Pre-made Template တွေကို ထုတ်လုပ်ပြီး အသုံးပြုသူကိုယ်တိုင်က Awareness ရှိရှိ၊ Usable ဖြစ်ဖြစ် အသုံးချနိုင် အသုံးပြုနိုင်မယ့် Service မျိုးကို Dynamic Pricing Fee (Pay what you can) ပုံစံမျိုးနဲ့ လုပ်ဖို့ပါ…အဲ့ဒီနှစ်ခုကို ဧပြီ ၂၇ ကနေ စပြီး နှစ်လအတွင်း ခိုင်ခိုင်မာမာဖြစ်အောင် Foundation သေချာချမယ်လို့ ကတိပေးတယ်…
အဲ့ဒီအတွက် Day 5 မှာ ဆုံးဖြတ်ထားသလိုပဲ Output မြန်မြန်ထွက်အောင်လုပ်ပြီးမှ လိုအပ်တာတွေကို ဆက်လုပ်ဖို့လုပ်မယ်။Risk ကော Profit ကော ယူပြီး အောင်မြင်အောင် လုပ်မယ်။ စကားနည်းနည်း ပြောပြီး အလုပ်များများလုပ်မယ်။ ကိုယ့်အတွက်ကို ပိုပြီး ဂရုစိုက်မယ်။ ကိုယ့်အတွက်အချိန်များများပေးပြီး သူများတွေအတွက် အကျိုးရှိအောင်လုပ်မယ် ဒါတွေကို နေ့တစ်ဓူဝ ပြန်ကြည့်ပြီး motivate ပြန်လုပ်ပါမယ်။ Day 6 က Dream Life ကို ရအောင် အခုကတည်းက ချဥ်းကပ်လုပ်ဆာင်တာမျိုးတွေလုပ်မယ်… Minimalism ကို ပိုမို လိုက်နာလာတာမျိုး၊ Green Development ဘက်ကို ပိုလုပ်လာတာမျိုး၊ Schedule ချထားတဲ့အချိန် ဇယားတွေအတိုင်း ကိုက်ညီအောင် လုပ်လာပြီး… မလုပ်နိုင်သေးမယ့်အချိန်တွေနေရာမှာ အင်္ဂလိပ်စာနဲ့ ပြင်သစ်စာကို ကြည့်ဖို့ အချိန်စီစဥ်ထားပါတယ်… ကိုယ်လိုချင်တဲ့ ဘဝရဖို့… ကိုယ်တိုင်ပဲ လမ်းကြောင်းချပြီး ဖြေးဖြေးမှန်မှန်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်…
ကျေးဇူးတင်ခြင်း
- ဒီ အတန်းလေးကိုပြုလုပ်ပေးတဲ့ VLOG BY HSU
- အသက်ရှင်နေသေးတဲ့ မိမိကိုယ်ကို
- အကို၊ အမနဲ့ ဆွေမျိုးတွေ၊ ကူညီစောင့်ရှောက်ပေးကြတဲ့ အိမ်နီးနားချင်းများ၊ သူငယ်ချင်း၊ ဆွေမျိုးများ
- အခြား သင်တန်းတွေ ဖွင့်ပြီး တက်ခွင့်ပေးတဲ့ ဆရာ/ဆရာမများ
- အားကိုး တိုင်ပင်ကြတဲ့ online friend များ
- ကွန်ပျူတာနဲ့ ဒီနေ့ မွေးနေ့လက်ဆောင်အဖြစ် လက်တွဲဖော်ဖြစ်လာပေးတဲ့ နားကြပ် ကလေးများ
- အသဲပေးတဲ့ သင်တန်းဖော်တွေနဲ့…သင်တန်းသူ/သင်တန်းသားတွေ …အားလုံးကို ကျေးဇူးတင်ပါတယ်…
ကဲ…. ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ…