Day 6: Imagine My Ideal Day
(၂၀၃၀ က Terry လေးရဲ့ တစ်နေ့တာ)
အတိတ်ကို ရောက်ပီးပြီဆိုတော့ အနာဂါတ်ကို သွားကြည့်ကြတာပေါ့… အနာဂါတ်က Terry ဘာတွေဖြစ်နေမလဲဆိုတော့… အသက် ၄၀ ရောက်လုဆဲဆဲ… မိုးမိုးရဲ့ အသက် ၄၀ သီချင်းထဲက ထွန်းထွန်းရဲ့ ပုံစံမျိုး… လူပျိုကြီး ဇီဇာကြောင်တဲ့သူတော့ ဖြစ်နေမလား…
၅ နှစ်လောက် အသေအချာလေး ကြိုးစားကြည့်ပြီးပြီဆိုတော့ ဝင်ငွေလမ်းကြောင်း တည်ငြိမ်ပြီး၊ Retired ယူဖို့ ပြင်ဆင်နေတဲ့ သူတစ်ယောက်ဖြစ်လာပြီး မြန်မာနိုင်ငံက အဲ့ဒီအချိန်မှာ အေးချမ်းသွားပေမယ့် ကျနော် မြန်မာနိုင်ငံမှာ ရှိမနေတော့ပါဘူး… နော်ဝေမှာ နေရင်း…အာဖရိက နဲ့ အာရှ က NGO , CBO တွေနဲ့ အသေးအလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေအတွက် Website နဲ့ပါတ်သက်တဲ့ Service တွေ Consulting တွေကို FOC ပေးရင်း Donation / Fund အနည်းငယ်နဲ့ပဲ အသက်ရှင်ဖို့ အလုပ်မလုပ်ပဲ အလုပ်လုပ်ဖို့ အသက်ရှင်နေတဲ့ လူလတ်ပိုင်း တစ်ယောက်ဖြစ်လို့နေပါပြီ…
တစ်ခါအိပ်ရင် ၄ နာရီနဲ့ အိပ်ချိန်ကို ၂ ပိုင်းခွဲပြီး Polyphasic sleep (biphasic) နည်းနဲ့ အိပ်နေတဲ့သူတစ်ယောက်ဖြစ်နေပြီ…
- မနက် ၄နာရီဆိုထပြီး တစ်နေ့တာလုပ်ဖို့အတွက် Journaling ရေးမယ်… Schedule တွေ ပြန်ကြည့်ပြီး ဒီနေ့ လုပ်ရမယ့်အလုပ်တွေကို လုပ်နေပြီ…
- မနက် ၅ နာရီမှာ နာရီဝက် Exercise, Workout လုပ်ပြီး နာရီဝက်က ရေချိုးရင်း မနက်ပိုင်း သတင်းတွေကို နားထောင်တယ်…
- မနက် ၆ နာရီမှာ တစ်နာရီ တရားထိုင်တယ်…
- မနက် ၇ နာရီမှာ မနက်စာကို အာဟာရရှိတဲ့ အသီးအရွက်နဲ့ သစ်ဥ သစ်ဖုတွေစားတယ်… ကယ်လိုရီကို သေချာတွက်ပြီး စားတဲ့အကျင့်ဖြစ်နေတာလဲ ၃ နှစ်လောက်တော့ ရှိနေပြီ။စားပြီးတာနဲ့ ဖတ်ရမယ့် စာအုပ်တွေဖတ်တယ်… အဲ့တာအတွက်ကိုလဲ ထမင်းစားချိန်နဲ့ စာဖတ်ချိန်ပေါင်းပြီး တစ်နာရီတော့ အချိန်ယူထားတယ်…
- မနက် ၈ နာရီမှာ Zoom Meeting,Training တွေစပြီး လုပ်နေပြီ… အဲ့တာက ၂ နာရီလောက်တော့ အချိန်ယူတယ်…
- မနက် ၁၀ နာရီမှာ နေ့လည်စာ စ စားပြီ… အချိန်တစ်နာရီယူပြီး ဖြေးဖြေးစားတယ်…
- မနက် ၁၁ နာရီမှာ ဘာသာစကားတစ်ခုခု လေ့လာနေပြီ…. အဲ့တာကို အချိန် ၁ နာရီယူတယ်
- နေ့လည် ၁၂ ကနေ ညနေ ၄ နာရီအထိက အိပ်ချိန်ဖြစ်ပြီးတော့ ကိုယ်ပိုင်အိမ် တိတ်ဆိတ်တဲ့နေရာမို့ နေ့လည်အိပ်ရတာကလဲ အနှောက်အယှက်မရှိပဲ.. light sleep ကနေ Deep sleep ကို မြန်မြန် ရောက်သွားနိုင်နေပြီ…
- ညနေ ၄ နာရီမှာ ထပြီးတော့ ရေချိုးတယ်… ပြီးတော့ Podcast နားထောင်တာ ၊ Tech Podcast တွေ နားထောင်တာ လုပ်တာကို အချိန်တစ်နာရီယူပြီးလုပ်တယ်…
- ညနေ ၅ နာရီမှာ… Zoom Meeting, Training တွေ ဆက်လုပ်တယ်.. အချိန် ၂ နာရီလောက်ပေါ့…
- ည ၇ နာရီ လောက်ရောက်သွားတော့ အပြင်ထွက်ပြီး လမ်းလျှောက်တာမျိုးလုပ်တယ်… လောကကြီးရဲ့ အေးချမ်းမှုကို ၁ နာရီလောက် အချိန်ယူပြီး ခံစားတယ်… နော်ဝေက သူငယ်ချင်းတစ်ချို့ကို အချိန်ပေးပြီး တွေ့ဖြစ်တယ်… အလုပ်ကိစ္စမဟုတ်ပဲ… သာကြောင်းမာကြောင်း တွေကိုပဲ… အသောက်အစားမပါပဲ တွေ့ဆုံကြတယ်… ပြီးတော့ ပြန်လာတယ်…
- ည ၈ နာရီ ကနေ ည ၁၁ နာရီလောက်အထိကို အလုပ်အတွက်နဲ့ လိုအပ်တာတွေကို Coding,Review, Test စတာတွေကိုလုပ်တယ်…
- ည ၁၁ နာရီကနေ ည ၁၂ အထိကိုတော့ တစ်နေ့တာလုံး လုပ်ခဲ့သမျှကို ပြန်သုံးသပ်ပြီး.. ပြီးမြောက်/မပြီးမြောက်တွေနဲ့ ပါတ်သတ်ပြီး reschedule ပြန်လုပ်တယ်… ပြီးတော့ Journaling ရေးတယ်…
- ည ၁၂ ကနေ မနက် ၄ နာရီအထိကတော့ အိပ်ချိန်ပါပဲ… အိပ်ရေးဝအောင် အိပ်ပြီး မနက်ကို ပေါ့ပေါ့ ပါးပါး ထနိုင်ဖို့ ဖြစ်တယ်…
ကျန်တာတွေ ပြောင်းလဲသွားတာတွေ ရှိသေးတယ်…
- Minimalist တစ်ယောက်ဖြစ်လာပြီး… Spacing ကျယ်ကျယ်နဲ့ ပစ္စည်းနည်းနည်းပဲ ရှိထားပြီး ရှင်းရှင်းလင်းလင်းနေရတာကို နှစ်သက်လာတယ်
- တစ်လ တစ်ခါ Camping ထွက်လာပီး သဘာဝနဲ့ ပိုမို ထိတွေ့နိုင်လာတယ်
- အများကောင်းကျိုးအတွက် ပိုလုပ်နိုင်လာပြီးတော့ ဘယ်အချိန်မဆို သေဖို့အတွက် အဆင်သင့်ဖြစ်နေနိုင်တဲ့ လူတစ်ယောက်ဖြစ်လာပြီ…
- ၄ လတစ်ကြိမ် သွေးလှူနေကျ ပုံစံအတိုင်းပဲ ဆက်ထိန်းထားနိုင်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုက ကမ္ဘာကြီးကို အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေကို ပိုမိုသယ်ဆောင်လာနိုင်ပြီ
- Green Technology တွေနဲ့ပဲ ထိတွေ့လာပြီး Reduce, Reuse, Recycle ကို ထိထိရောက်ရောက်လုပ်လာနိုင်တဲ့အပြင် ကိုယ့်ရဲ့ အလုပ်ကိစ္စတွေမှာပါ Green ဆိုတာက ကဏ္ဍကြီး တစ်ခုအနေနဲ့ကို မရှိမဖြစ် ပါဝင်လာနေပြီ…
ကျေးဇူးတင်ခြင်း
- ကိုယ့်ကိုကိုယ်
- မိဘတွေ
- အမနဲ့ အကို နဲ့
- ကိုယ့် ဆွေမျိုး အသိုင်းအဝိုင်းထဲက အသက်ရှင်နေပေးလို့ ကျေးဇူးတင်တယ်…
- ကွန်ပျူတာလေးလဲ သုံးလို့ ရနေသေးတယ်… သူ့ကိုလဲ ကျေးဇူးတင်ပါတယ် ..
- သင်တန်းပြုလုပ်ပေးတဲ့ VLOG BY HSU အသက်ရှင်နေပေး၊ ဆက်ရှိနေပေးလို့ ကျေးဇူးတင်တယ်
- အသဲပေးတဲ့ သင်တန်းဖော်တွေနဲ့…သင်တန်းသူ/သင်တန်းသားတွေ … ဒီစာကို တကူးတက လာဖတ်သူတွေ အသက်ရှင်နေပေးလို့ ကျေးဇူးတင်တယ်
- ဒီနေ့ Survey form နဲ့ Portfolio နဲ့ဆိုင်တာတွေကို Survey ကောက်ပေးလို့ ပြောပြခွင့်ရတဲ့အတွက် အဲ့ဒီ ညီလေးကိုလဲ ကျေးဇူးတင်ပါတယ်…
ကဲ…. ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ…