Day 5: Current Me vs. Future Me
ဒီနေ့ကတော့ လက်ရှိမိမိနဲ့ အနာဂါတ်မှာ ဖြစ်လာမယ့် မိမိရဲ့ ပုံစံတွေကို ပုံစံချပြီး ကိုယ့်ကိုကိုယ်ကို ပြန်လည်ရှာဖွေကြည့်တာပေါ့ …
- Current Me
- Future Me
-
-
- 2025
- 2026
- အချိန်ဆွဲပြီး အသေးစိတ်ကို ဂရုစိုက် လုပ်နေတာတွေကြောင့် အလုပ်မတွင်ဘူး
- Output မြန်မြန်ထွက်အောင်လုပ်ပြီးမှ လိုအပ်တာတွေကို ဆက်လုပ်ဖို့လုပ်ရမယ်
- Risk မယူချင်ဘူး။ Profit မယူချင်ဘူး
- Risk ကော Profit ကော ယူပြီး အောင်မြင်ရမယ်
- စကားများများပြောပြီး အလုပ်လုပ်ချိန်နည်းလာတယ်
- စကားနည်းနည်း ပြောပြီး အလုပ်များများလုပ်ရမယ်
- သူများတွေကို တအားဂရုစိုက်ပြီး ထည့်တွက်တဲ့အတွက် ခံစားရတယ်
- ကိုယ့်အတွက်ကို ပိုပြီး ဂရုစိုက်တော့မယ်
- သူများတွေအတွက် အချိန်ကုန်တာများတယ်
- ကိုယ့်အတွက်အချိန်များများပေးပြီး သူများတွေအတွက် အကျိုးရှိအောင်လုပ်မယ်
- ပိုက်ဆံရှာဖို့ထက် သုံးဖို့ကို ပိုစဥ်းစားမိနေတယ်
- ပိုက်ဆံများများရှာနိုင်မှ ကိုယ့်ကိုကိုယ် ဆုချတဲ့စနစ်သုံးမယ်
- ပစ္စည်းတွေ အကုန်လိုက်ဝယ်ပြီး မသုံးပဲ ပစ်ထားမိတယ်
- ပစ္စည်းတွေကို မလိုအပ်ရင် မဝယ်ပဲ ကိုယ်မသုံးချင်ရင် တကယ်သုံးမယ့်သူကို ပေးတော့မယ်
အခုက အလုပ်လုပ်တဲ့နေရာတွေမှာ အချိန်အများကြီးယူပြီး ကိစ္စသေးသေးလေးကအစ လိုက်ပြီး ပြင်နေတာ ၊ ထပ်ခါ ထပ်ခါ ပြင်နေတာတွေ လုပ်မိနေတော့ တကယ်လုပ်ရမယ့် အလုပ် အစ/အဆုံးကို သူများတွေ မြင်အောင်မပြနိုင်ဘူးဖြစ်နေတယ်… ဒီကရှေ့လျှောက်တော့ အဲ့တာကို ထိန်းပြီး မပြင်မဖြစ် မလုပ်မဖြစ်တဲာတွေကိုပဲ ဂရုစိုက်မှ ရမယ်…အဲ့တာမှပဲ… သူများတွေက ကိုယ်ဘာလုပ်နိုင်တယ်… ဘယ်လောက်ထိ စဥ်းစားထားသလဲဆိုတာကို သိနိုင်တော့မှာ အခုကတော့ အပြောပဲ ရှိတာမျိုးမို့ စိတ်ကူးယဥ်ပြီး လျှောက်ပြောနေတယ် ထင်ကြမှာပဲ…
နောက် Risk မယူချင်တာ Profit မယူချင်တာလဲ ပြင်ရဦးမယ် ကိုယ်ကသာ ဘာကောင်မှ မဟုတ်တာ မာနက ကြီးသား… သူများက ယုံကြည်လို့အလုပ်လာအပ်ရင်တောင် ကိုယ်တိုင် ဂရုမစိုက်ပဲ မျက်နှာလွှဲနေမှာဆို မလုပ်ပေးဘူးဆိုတာမျိုးလုပ်နေတော့ အလုပ်မအပ်ဖြစ်ကြတာများတယ်… (မအပ်လဲ ဂရုမစိုက်ပေါင်…ကိုယ်က ဒါလုပ်မှ စားရတာမှမဟုတ်တာ… )… အခုတော့မရတော့ဘူး… အလုပ်မလုပ်တာကြာရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ၊ အမြင်တွေ ပြောင်းလာတာ..အဲ့တာကြောင့် အခုကစပြီး အဲ့တာကိုလဲ ပြင်ရမယ်…
အရာရာသူများတွေအတွက်တွေးတာ… အချိန်ကုန်ပေးတာတွေ… လျှော့တော့မယ်… ကိုယ့်အတွက် ကိုယ်ကြည့်ပြီး.. ကိုယ်အဆင်ပြေတော့မှ သူများအတွက်ပါ စဥ်းစားပေးတာမျိုး ပြောင်းလုပ်ရမယ်…
ပစ္စည်းတွေဝယ်တာလဲ တူတူပဲ အများကြီး ဝယ်ပြီး ဘာမှသေချာမသုံးဖြစ်ဘူး…အခုကစပြီး သူများအတွက်ဆိုပြီးတော့လဲ ဝယ်မထားတော့ဘူး… ကိုယ့်အတွက် တကယ်အသုံးတည့်မှ အသုံးလိုမှ ဝယ်မယ်…ကိုယ်မသုံးချင်တော့ဘူးဆိုရင် လိုအပ်မယ့်သူတွေကို သေချာလေး ကြည့်ပြီး ပေးတော့မယ်…အခုကစလို့ပေါ့ဗျာ…
ကျေးဇူးတင်ခြင်း
- ကိုယ့်ကိုကိုယ် လဲ ကျေးဇူးတင်တယ်… ရှင်သန်နေသေးလို့
- မိဘတွေ လဲ ရှိနေပေးသေးလို့ ကျေးဇူးတင်တာပါပဲ
- အမနဲ့ အကိုလဲ ရှိနေပေးသေးလို့ ကျေးဇူးတင်တယ်
- ကိုယ့် ဆွေမျိုး အသိုင်းအဝိုင်းထဲက ဒီနေ့ အသေအပျောက်မရှိတော့ စိတ်မညစ်ရ စိတ်မကောင်းမဖြစ်ရဘူးပေါ့ … ဒါကြောင့် သူတို့လဲ အသက်ရှင်နေပေးလို့ ကျေးဇူးတင်တယ်…
- ကွန်ပျူတာလေးလဲ သုံးလို့ ရနေသေးတယ်… အခုမှ ၆ လလောက်ပဲ ရှိသေးတာ ပျက်ရင်လဲ မသုံးရတော့တာရှိမှာပဲ…အခုငွေစျေးနဲ့က အသစ်မဝယ်နိုင်လောက်တော့ဘူး… အဲ့တာလဲ ကျေးဇူးတင်တာပါပဲ…စက်ကလေးကို…
- သင်တန်းပြုလုပ်ပေးတဲ့ VLOG BY HSU အသက်ရှင်နေပေး၊ ဆက်ရှိနေပေးလို့ ကျေးဇူးတင်တယ်
- အသဲပေးတဲ့ သင်တန်းဖော်တွေနဲ့…သင်တန်းသူ/သင်တန်းသားတွေ … ဒီစာကို တကူးတက လာဖတ်သူတွေ အသက်ရှင်နေပေးလို့ ကျေးဇူးတင်တယ်
ကဲ…. ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ…