Day 3: Unsent Messages
(အိ သို့ မပြောဖြစ်သော စကားများ)
အိ … နင်က ငါ့ရဲ့ အရင်းနှီးဆုံး မိန်းကလေး သူငယ်ချင်းဆိုလဲ ဟုတ်ခဲ့တယ်… ငါ ဒီ… အသက်အရွယ်အထိ…ငါ့ဘက်က စချစ်ဖူးခဲ့တဲ့ တစ်ယောက်တည်းသော ရည်းစားဟောင်းလေးပါပဲ… ဒီလိုပြောရင် နင်က…
နင်က… ရီပြီးတော့ ပြောမှာပေါ့ …နင့်မှာ ရည်းစားတွေက နင့်အသက်ထက်တောင် များနေပီလို့ နင်ပြောဦးမယ်… ဒါပေမယ့်… နင်ကသာ ငါ့ဘက်က စချစ်ဖူးတဲ့တစ်ဦးတည်းသော မိန်းကလေးဆိုတာက နင်မသိနိင်တော့တဲ့ အမှန်တရား တစ်ခုပါပဲ… ငါတို့ တွေ့ဆုံမှုက ရိုးရိုးမဟုတ်တဲ့ တက္ကသိုလ် တစ်ခုမှာလေ… အဲ့တုန်းက ငါတို့ အဖွဲ့လိုက် ထမင်းနှဲထိုးခဲ့တော့ နင်က ငါ့လက်ကိုကိုင်ပီး ရေဆေးပေးတဲ့အချိန် ဆပ်ပြာတိုက်ပေးတဲ့အချိန်… ငါတကယ်..ဝန်ခံတယ်…ငါ မိသားစုဆိုတဲ့ နွေးထွေးမှုကို… တစိမ်းတစ်ယောက်ဆီက… သူငယ်ချင်းတစ်ယောက်ဆီက ပထမဆုံး ရဖူးတာပါပဲ…. နင်က ငါ့ရဲ့ ရည်းစားဦးမဟုတ်ခဲ့ပေမယ့်… အချစ်ဦးတော့ ဖြစ်ခဲ့တယ်… နင့်ဆီက အဖြေရပြီး နောက်နေ့မှာ… ပျော်စရာကောင်းတဲ့ လောကကြီးကို ငါစထိတွေ့ဖူးတာပဲ… တွေးလိုက်တိုင်း အတွေးထဲမှာ…ငါ့ကို မြတ်နိုး တန်ဖိုးထားတဲ့ ဆန့်ကျင်ဘက် ကောင်မလေးတစ်ယောက် ရှိနေတာကို… ကျေနပ်မိစေတယ်…
အခုတော့ နင်လဲ … နင့်ရဲ့ ဘဝလက်တွဲဖော်နဲ့ တွေ့ပီး ပျော်နေပြီဆိုတာငါသိတယ်… နင်ဟိုတစ်လောက မက်ဆေ့ပိုပြီး… ငါ့မိသားစုနဲ့ ငါ ဘေးကင်းရဲ့လား ဗုံးကြဲခံရတဲ့ထဲ ပါသွားပြီလားလို့ နင်မေးခဲ့တော့ နင့်ဖုန်းနံပါတ်မြင်တာနဲ့…နင် hi ဆိုတာနဲ့ ငါနင်မှန်းသိပြီး စိတ်မပူဖို့ပြောလိုက်တာလေ… နင့်ဖုန်းနံပါတ်ကို ၁၅ နှစ်ကျော်ပေမယ့် ငါမှတ်မိနေတာ နင်…အသိအမှတ်မပြုဘူးနော်… ကဲပါ…အဲ့တာထားဦး… ဒီတစ်ခေါက် ငလျင်ဖြစ်တော့ နေပြည်တော်ပါတယ်ဆိုတာနဲ့…နင့်ကို သတိရပြီး phone message ပို့ဖို့လုပ်လိုက်သေးတယ်… ဒါမယ့်…နင့်ဘေးမှာ နင့်ကို အားပေးနှစ်သိမ့်နေမယ့်…နင့် ကိုကြီး ရှိနေတာဆိုတော့… ငါပို့လိုက်ရင် အနှောက်အယှက် ဖြစ်သွားမှာစိုးလို့မပို့ခဲ့တာ… အဲ့တာကိုတော့ နင်ခွင့်မလွှတ်ပါနဲ့… ငါပစ်ထားနိုင်တယ်လို့ပဲ သိထားပေးပါ…မဟုတ်ရင် နင်လဲ စိတ်ထဲ ငါစာပို့ရင် ငါ့လိုပဲ ခံစားမိနေမှာစိုးလို့ဟ…
အခုတော့ ငါဆုတောင်းပေးနေပါတယ်…နင်လဲ အဆင်ပြေပါစေ…နင်ချစ်တဲ့သူတွေလဲ အဆင်ပြေပါစေ… ကျန်းမာ ဘေးကင်းပါစေပေါ့…နင့်ရဲ့ အလုပ်အကိုင်တွေ စီးပွားရေးတွေလဲ အဆင်ပြေပါစေဟာ… ပြီးတော… အရင်လက နင့်မွေးနေ့နော်… ငါ့ထက် တစ်လကြီးတာမို့ နင်လဲ ၃၄ ထဲရောက်နေပြီပဲ …အိမ်ထောင်ပြုတော့လေဟာ… နင့်ဖိတ်စာငါမတွေ့ရသေးဘူး… နင့်သူငယ်ချင်းတွေတောင် ကလေးတွေ အတော်ကြီးနေကြပြီရယ်… မိဘတွေအတွက် နောက်ဆံတင်းမနေပဲနဲ့… လုပ်ချလိုက်တော့ ငါ့ကောင်…
ဒီနေ့တော့ ကိုယ့်ကိုကိုယ် ၊ မိဘတွေ၊ အမ၊ အကို နဲ့ ဒီနေ့ အတွေးတွေကို ထွက်ပေါ်လာစေတဲ့ VLOG BY HSU ၊ ကိုယ်တွေရဲ့ ကွန်ပျူတာလေး၊ နောက်… ရေးထားသမျှတွေကို အသဲပေးပြီး အားပေးတဲ့…. သင်တန်းက အတန်းဖော်တွေ… အသဲမပေးတဲ့ အတန်းဖော်တွေ…အားလုံးးးး အားလုံးးးးး အတူတူ ရှင်သန်ပြီး ဒီနေ့တစ်နေ့တာ အခုချိန် အထိကို အတူတူ ဖြတ်သန်းပေးကြလို့ ကျေးဇူးပါလို့….
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ…