Day 2: Letter to My Past Self
(1991 က Terry ဆီသို့)
Terry ရေ… မင်းကတော့ တစ်နှစ်တောင်မပြည့်သေးတဲ့ အကောင်ပေါက်စလေး တစ်ကောင်ပေါ့… ဗိုက်ဆာလာရင် အော်ငိုပြီး.. ဆန္ဒပြတတ်တဲ့… ဘာလိုချင်ချင် ငိုပြီးတောင်းလိုက်တာနဲ့ … ရနေတဲ့ ကောင်လေးတစ်ယောက်ပါပဲ… သေချာလေး ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို…ငိုပြဖို့တော့လိုတာပေါ့လေ….
ဒါနဲ့ မိတ်ဆက်ရရင် ငါကတော့… ဒီလထဲမှာ ၃၄ နှစ်ပြည့်တော့မယ့်… လူကြီးတစ်ယောက်ဖြစ်သွားပြီကွာ… ငါကလဲမင်း… မင်းကလဲ ငါ ဆိုပေမယ့်… အရင်တစ်ချိန်က မင်းကိုတော့… ငါတကယ်အားကျမိပါတယ်… အတိတ်ဆိုတာဘာ… အနာဂါတ်ဆိုတာဘာမှန်းမင်းသိမှာလဲ မဟုတ်ပါဘူး…မင်းသိတာက တစ်ခုခုဆိုရင် ငိုလိုက်ဖို့ပဲလေ… မင်းအနားမှာလဲ မင်းကို အရိပ်တကြည့်ကြည့် ကြည့်နေကြတဲ့ မိဘတွေ… မောင်နှမတွေ… ဆွေမျိုးသားချင်းတွေများတဲ့အပြင် … အရာရာက အကောင်းအတိုင်းပဲကိုးကွ… ဟော… အခုက … ငါ့အောင်မြင်မှုတွေပြောရမှာပဲ… မင်းကိုအားကျနေတာနဲ့တင်… စာတွေကတောင် အတော်ရှည်နေပြီ…
အခုငါကတော့ မင်းနဲ့ နှစ်အတူတူလောက်မွေးဖွားလာတဲ့… World Wide Web လို့ခေါ်တဲ့ အင်တာနက် ကြီးမှာ စီးမျောပြီးတော့ … ဒီလိုစာတွေကို .. လူတွေအများကြီးဆီိကို ဖတ်လို့ရအောင် ပို့ပေးနိုင်နေပြီကွ… Website လို့ခေါ်တဲ့ အရာတွေ… Blog လို့ခေါ်တဲ့အရာတွေ… နောက်ပြီး ဖုန်းကွာ…. မင်းအကိုတွေ အမတွေဆော့နေသလို နို့ဆီခွက်နဲ့ စကားပြောရတာမဟုတ်ဘူးကွ… အခုအချိန်ဆို ငါလဲ လူတွေစကားပြောလို့ရတဲ့… ဖုန်းဆိုတာကို ကိုင်နိုင်နေပြီလေ… ကြွားပြောရရင်ကွာ… အသက် ၃၄ နှစ်မှာ… ကိုယ့်ပိုက်ဆံနဲ့ကိုယ် Macbook လို့ခေါ်တဲ့ဟာကို အသစ်ကြီးကို ဝယ်ကိုင်နိုင်နေပြီကွ….မင်းလို ငိုပြီး နို့စို့နေရတဲ့ကောင် မဟုတ်တော့ဘူးဟေ… အဲ့တာဝယ်ဖို့တော့ တစ်နှစ်လောက် ငါစုလိုက်ရတာပေါ့ကွာ…
ဒီလိုပြောလို့ ငါပျော်နေတယ်လိုလဲ မထင်နဲ့ဦးကွ… အခုခေတ်က နေ့မြင် ညပျောက်ခေတ်ကြီး… ပြောရဦးမယ် နေ့ဘက်အပြင်ထွက်လို့… ညဘက် နောက်ကျတဲ့အထိ နေလို့မရတဲ့ခေတ်ကွ… အသွားမတော် တစ်လှမ်း…ဘယ်..ညာ .. ဘယ်…ညာ အော်ပီး သေနတ်ထမ်းရတာကအစ… လူရိုက်ပြီး ငွေလုလို့ ဓါးနဲခုတ်လို့… သေသွားတာလဲ ဖြစ်နိုင်တာပဲ…. ပြောရရင် ငါကတော့ မင်းကို တကယ်အားကျခဲ့တာ… တစ်ရက်တစ်ရက်လဲ အကြာကြီးလေကွာ… ဗိုက်ခနခန ဆာပြီး ရှုးပေါက် အီးပါ ခနခန လုပ်တာ မင်းပဲမဟုတ်လား… အခုတော့ ငါထတဲ့အချိန်ကိုက နေ့တစ်ဝက်ကုန်နေပီကွ…
အဲ… ငါမှာချင်တာတော့…မင်းသာ ငါ့နေရာ ဖြစ်မလာခဲ့ရင်တော့… အတိတ်ကို ပြန်သွားလို့ရခဲ့မယ်ဆိုရင်ကွာ… ငါနိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖြစ်လိမ့်မယ်… ပြီးရင် မိဘတွေကို နိုင်ငံခြားမှာထားမယ်… ဒီကာလမှာ မြန်မာနိုင်ငံရဲ့ အပြင်ဖက်မှာ အလုပ်အကိုင်အခြေတကျနဲ့ အဖေ၊ အမေ ၊ အကို ၊ အမ တို့ကို ခေါ်ထားမယ်ကွာ… ပြီးရင် ရည်းစားလေး ဘာလေးတော့ ထားဦးမယ်ဟေးးး… အခုတော့ ငုတ်တုတ်မေ့နေရပီကွာ….
မင်းနဲ့ပြောပြီးပြီဆိုတော့ ကျေးဇူးတင်ရမယ့်သူတွေ/ ကျေးဇူးတင်သင့်တာတွေကို ကျေးဇူးတင်ရဦးမှာပဲ… ဒီနေ့တော့ တစ်မျိုးပြောင်းပြီး ကျေးဇူးတင်ကြည့်မယ်… ၁။ အသက်ရှုသွင်းခွင့် / ရှုထုတ်ခွင့် ရနေသးတာကို ကျေးဇူးတင်တယ်… ၂။ မိဘတွေကို ကန်တော့ခွင့် / မြင်တွေ့ခွင့် ရနေသေးတာကို ကျေးဇူးတင်တယ်… ၃။ ပိုက်ဆံကိုင်ပြီး မပူမပင်နဲ့ အသုံးပြုခွင့်ရနေသေးတာကို ကျေးဇူးတင်တယ်… ၄။ အစားအသောက်တွေ စားခွင့် ရနေသေး / စားနိုင်နေသေးတာကို ကျေးဇူးတင်တယ်… ၅။ သင်တန်း ရှိနေသေး / ရေးခွင့်ရနေသေးတာကို ကျေးဇူးတင်တယ် … ၆။ ကွန်ပျူတာလေး သုံးလို့ရနေသေးတာကို ကျေးဇူးတင်တယ် … ၇။ လူတွေ ကိုယ့်ဘေးမှာ ရှိနေသေးတဲ့အတွက် ကျေးဇူးတင်တယ်… ကဲကဲ.. ဒီနေ့ကတော့ ဒီလောက်ပါပဲ….