မိတ်ဆက်

April 14, 2025

Journaling နဲ့ပတ်သက်ပြီး မလုပ်ဖူးသေးတာကြောင့် VLOG BY HSU ရဲ့ Journaling Camp ကို အခုမှ ဝင် join ပြီး စရေးကြည့်မလို့ပါ။

ကိုဗစ်ကာလ ၂၀၁၉ ကနေစပြီး တောက်လျှောက် စိတ်ဓါတ်ကျတာ၊ အဆင်မပြေတာ… တစ်နေ့ထက်တစ်နေ့ တင်းကြပ်လာတဲ့ အခြေအနေတွေ ခံစားမှုတွေကို မဖြေလျှော့နိုင်ခဲ့တာလဲ ကြာပါပြီ။

ကိုယ်မလုပ်ပေးနိုင်ပဲ ကြည့်နေရတဲ့အခြေအနေတွေ… ကိုယ်လုပ်နိုင်သည့်တိုင်အောင် အကျိုးမဖြစ်တဲ့ အခြေအနေတွေ… မွန်းကြပ်မှုတွေ… အရာရာက အတိတ်လိုလို… ပစ္စုပန် လိုလို အနာဂါတ်လိုလို…

တစ်ရက်ပီးတစ်ရက်… နေရမလား… သေရတော့မလား ဖြစ်နေတဲ့ ခံစားချက်တွေနဲ့… မလုပ်ပေးနိုင်တဲ့အရာတွေအတွက် အပြစ်ရှိတာတွေ… နှုတ်မဆက်ရသေးပေမယ့်… ပြန်မတွေ့နိုင်တော့တဲ့ ကိုယ်လေးစားတဲ့ ကိုယ်အားကျရတဲ့သူတွေ…. အရာရာအတွက် မတောင်းပန်ချင်သလို … အရာရာကိုလဲ ဖြေရှင်းချက်မပေးချင်နေဘူး… ဒီတော့… ဒီမှာ… ဖွင့်ချကြည့်တာပေါ့… အနည်းဆုံးတော့ ငါပြောဖြစ်ခဲ့သေးတာပဲလေဆိုတဲ့… စိတ်နဲ့ပေါ့…